မောင်တောမြို့နယ်တွင် နယ်စပ်ခြံစည်းရိုးမှတစ်ဆင့် ခိုးဝင်လာသည့် ဘင်္ဂါလီတစ်ဦးဖမ်းဆီးရမိ

 

မောင်တောမြို့နယ်တွင် နယ်စပ်ခြံစည်းရိုးမှတစ်ဆင့် ခိုးဝင်လာသည့် ဘင်္ဂါလီတစ်ဦးဖမ်းဆီးရမိ
=================
မတ် ၂၃၊ 

မောင်တောမြို့နယ်၊ လိပ်ရ(အလယ်)ရွာအနီးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှ လှည့်ကင်းဆောင်ရွက်နေစဉ် ယမန်နေ့ ညနေ ၅ နာရီခန့်က နယ်စပ်ခြံစည်းရိုးအား ကျော်တက်၍ ဝင်ရောက်လာသည့် ဘင်္ဂါလီတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီးယားမြို့ရှိ ကူတူပါလောင်ဒုက္ခသည်စခန်း၌ နေထိုင်သည့် နိုရ်ဟာရှိ (၂၀)နှစ်၊ (ဘ)ဘာကူများဖြစ်ပြီး အဆိုပါဒုက္ခသည်စခန်း၌ နေထိုင်စဉ် စားဝတ်နေရေးအဆင်မပြေသဖြင့် နယ်စပ်ခြံစည်းရိုးအား ကျော်တက်ကာ ယခင်နေထိုင်ခဲ့သည့် လိပ်ရ(အလယ်)ရွာသို့ ပြန်လာခြင်းကြောင်း သိရှိရသဖြင့် ၎င်းအား တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု လဝကအက်ဥပဒေဖြင့် အရေးယူသွားမည်ဟု သိရသည်။

Previous Post Next Post