No title


ခင်ဦးမြို့နယ် မြကန်ကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အဖိုးအိုတစ်ဦးအား ရိုက်နှက်သတ်ဖြတ်
ထောင်နဲ့ချီတဲ့ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရ

မတ်လ- ၂၃၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊‌ ရွှေဘိုခရိုင်ခင်ဦးမြို့နယ် မြကန်ကျေးရွာအား ယနေ့ မတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက ဝင်ရောက်ကာ နေအိမ်တစ်လုံးကို မီးရှို့ပြီး ထွက်မပြေးနိုင်သည့် အဖိုးအိုတစ်ဦးကိုလည်း ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း "ခင်ဦးသတင်းမှန်ပြန်ကြားရေး" က ဆိုသည်။

ယနေ့မနက်၇:၃၀ ဝန်းကျင်မှ စ၍ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ အကြမ်းဖက်စစ်‌‌ကောင်စီတပ်သားနှင့် ရွာသစ်ကုန်းမှ ပျူ‌စောထီး( ၄၀)ခန့်သည် အင်းပတ်ဘူတာအနီး ကင်းဝပ်ကာ လမ်းသွားလမ်းလာ ပြည်သူများနှင့် လယ်တောသွား‌နေကြသည့်ပြည်သူများအား လိုက်လံပစ်ခတ်၍ ၈နာရီ၂၀မိနစ်တွင် မြကန်ကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များ မီးစတင်ရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ရေဦးမြို့ တိုင်းရင်းဆေးရုံမှလည်း ခင်ဦးနယ်အနောက်ခြမ်းဘက်သို့  လက်နက်ကြီး ၆လုံး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် မြကန်ကျေးရွာ/အင်းပတ်ကျေးရွာ နှင့် ကုန်းသာကျေးရွာတို့မှ ဒေသခံထောင်ချီထွက်ပြေးနေရကြောင်းသိရပါသည်။

ဓါတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRNခင်ဦးမြို့နယ် မြကန်ကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အဖိုးအိုတစ်ဦးအား ရိုက်နှက်သတ်ဖြတ်
ထောင်နဲ့ချီတဲ့ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရ

မတ်လ- ၂၃၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊‌ ရွှေဘိုခရိုင်ခင်ဦးမြို့နယ် မြကန်ကျေးရွာအား ယနေ့ မတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက ဝင်ရောက်ကာ နေအိမ်တစ်လုံးကို မီးရှို့ပြီး ထွက်မပြေးနိုင်သည့် အဖိုးအိုတစ်ဦးကိုလည်း ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း "ခင်ဦးသတင်းမှန်ပြန်ကြားရေး" က ဆိုသည်။

ယနေ့မနက်၇:၃၀ ဝန်းကျင်မှ စ၍ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ အကြမ်းဖက်စစ်‌‌ကောင်စီတပ်သားနှင့် ရွာသစ်ကုန်းမှ ပျူ‌စောထီး( ၄၀)ခန့်သည် အင်းပတ်ဘူတာအနီး ကင်းဝပ်ကာ လမ်းသွားလမ်းလာ ပြည်သူများနှင့် လယ်တောသွား‌နေကြသည့်ပြည်သူများအား လိုက်လံပစ်ခတ်၍ ၈နာရီ၂၀မိနစ်တွင် မြကန်ကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များ မီးစတင်ရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ရေဦးမြို့ တိုင်းရင်းဆေးရုံမှလည်း ခင်ဦးနယ်အနောက်ခြမ်းဘက်သို့  လက်နက်ကြီး ၆လုံး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် မြကန်ကျေးရွာ/အင်းပတ်ကျေးရွာ နှင့် ကုန်းသာကျေးရွာတို့မှ ဒေသခံထောင်ချီထွက်ပြေးနေရကြောင်းသိရပါသည်။

ဓါတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN

Previous Post Next Post