“ရေငုပ်သင်္ဘော(၆)စီးနှင့် စစ်သင်္ဘော(၈)စီး တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်
၊ မတ် ၂၀/၂၀၂၃ (နိုင်ငံတက
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဦးဆုံး ရေငုပ်သင်္ဘောဆိပ်ကမ်းသစ်ကို မတ်လ(၂၀)ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်
BNS Sheikh Hasina ဟု အမည်ပေးထားသော ရေငုပ်သင်္ဘော ဆိပ်ကမ်းသစ်သည် ကော့ဘဇားခရိုင် ပီခူးယားတွင် တည်ရှိပြီး ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများ ဆိုက်ကပ်နိုင်ရန် ခေတ်မီအသုံးအဆောင်ပစ္စည်းများ တပ်ဆင်ထားသည်ဟု ဆိုသည်
အမေရိကန်ဒေါ်လာ ၁.၃၁ ဘီလျံ ကုန်ကျသည့် အဆိုပါဆိပ်ကမ်းတွင် ရေငုပ်သင်္ဘော (၆)စီး နှင့် စစ်သင်္ဘော(၈)စီး တစ်ပြိုက်နက်တည်း ဆိုက်ကပ်နားခိုနိုင်သည်
ဘင်္ဂလားပင်လယ်အော် ထဲတွင် တည်ရှိသဖြင့် အရေးပေါ်အခြေအနေ တစ်ခုတွင် လုံခြုံပြီး အလျင်အမြန်ရွေ့လျားနိုင်သော ဆိပ်ကမ်းဖြစ်သည်ဟု ဆိုသည်။ ယခု ရေငုပ်သင်္ဘောဆိပ်ကမ်းသစ်ကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ၂၀၁၇ခုနှစ်၊မတ်လ(၃)ရက်နေ့က အုတ်မြစ်ချပေးခဲ့ပြီး တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်
၂၀၀၉ ခုနှစ်တွင် ရှိတ်ဟာဆီနာ အာဏာရရှိခဲ့ပြီးနောက် သူမ၏ ဖခင်ရှိတ်မူဂျီဘာရာမန် ချမှတ်ခဲ့သော Forces Goal-2030 ကာကွယ်ရေးမူဝါဒကို စတင် အကောင်အထည်ဖော်ခဲ့သ
“ ရေတပ်ကို ခေတ်မီဖို့နဲ့ ဒေသတွင်း အင်အားတောင့်တင်းဖို့ အစိုးရဟာ ရေတပ်သင်္ဘောတိုးချဲ့ရေး ဖြည့်တင်းရေး စတဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးအမျိုးမျိုးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ခဲ့တယ်” ဟု ဟာဆီနာက ပြောကြားခဲ့သည်
၂၀၁၆ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နှစ်ပေါင်း ၃၀ အတွင်း ဘင်္ဂလားဒေ့ရှ်သို့ ပထမဦးဆုံးအကြိမ်အလည်အပတ်ရောက်ရှိခဲ့သ
ရှီကျင့်ဖျင် လာရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်က တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘော နှစ်စီး ဝယ်ယူခဲ့ပြီး ရေငုပ်သင်္ဘောဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ပေးမည်ဟု ကတိပြုခဲ့သည်
မကြာသေးမီကလည်း ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံအနီးတွင် လေတပ်စခန်းသစ်တစ်ခု တည်ဆောက်ခြင်း၊ တပ်စခန်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် ရေတပ်အတွက် ဖရီးဂိတ်စစ်သင်္ဘောတစ်စီး ထပ်မံဖြည့်တင်းခြင်း စသည့် ကာကွယ်ရေးစွမ်းဆောင်ရည်များကို မြှင့်တင်ခဲ့သည်
အိမ်နီးချင်း မြန်မာ၊ အိန္ဒိယ တို့နှင့် ကာလရှည်အငြင်းပွါးနေသော ရေပိုင်နက် အငြင်းပွါးမှုကို နိုင်ငံတကာခုံရုံးတွင် ဖြေရှင်းပြီးနောက် ယခုအခါ ဘင်္ဂလား ပင်လယ်အော်အတွင်း ရေနံလာရောက်တူးဖော်ရန် နိုင်ငံတကာကုမ္ပဏီများကို ဖိတ်ခေါ်နေပြီဖြစ်သည်ll