ရိုဟင်ဂျာအရေးအပါအဝင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် အာဆီယံ၏ကြိုးပမ်းမှုအပေါ် တရုတ်ထောက်ခံ

 


ရိုဟင်ဂျာအရေးအပါအဝင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် အာဆီယံ၏ကြိုးပမ်းမှုအပေါ် တရုတ်ထောက်ခံ


ဧပြီ ၁ ၊


မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim သည် 2023 ခုနှစ်၊ မတ်လ 29 ရက်နေ့မှ  ဧပြီလ 1 ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) သို့ တရားဝင်သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်ကို မလေးရှားဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးအရာရှိများကသွားရောက်ခဲ့တာဖြစ်ပြီး သမ္မတရှီကျင်းဖျင်နှင့်လည်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 


တွေ့ဆုံဆွေးနွေးမှုတွင်နှစ်နိုင်ငံခေါင်းဆောင်များဟာ တရုတ်-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံရေး၊စီးပွားရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအကျပ်အတည်းအပေါ်လည်းထည့်သွင်းဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ဆိုပါတယ်။ 


မလေးရှားဝန်ကြီးချုပ်က လက်ရှိ မလေးရှားနိုင်ငံတွင်မြန်မာနိုင်ငံမှဒုက္ခသည် ၂၀၀,၀၀၀ ကျော်ကို လက်ခံပေးနေပြီး အများစုမှာ ရိုဟင်ဂျာများဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟုသိရသည်။ "မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာအကြပ်အတည်းအပေါ် ပံ့ပိုးကူညီမှုအပါအဝင် မြန်မာနိုင်ငံအရေးဖြေရှင်းဖို့ အာဆီယံရဲ့ဦးဆောင်ကြိုးပမ်းမှုကို တရုတ်ကထောက်ခံကြောင်း ပြောဆိုခဲ့တယ်” လို့ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။


သမ္မတ ရှီကျင့်ဖျင် ပြန်လည်ရွေးကောက်ခံရပြီးနောက် ဘေဂျင်းသို့ လာရောက်လည်ပတ်သည့် ပထမဆုံးနိုင်ငံခြားခေါင်းဆောင်များထဲမှ မလေးရှားဝန်ကြီးချုပ်ဟာ သမ္မတရှီကို ချီးကျုးခဲ့ပြီး မလေးရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်ရန် ဖိတ်ကြားခဲ့သည်ဟုသိရသည်။ 


Ref and photo: the Vibes Malaysia

Previous Post Next Post