ရုရှားသမ္မတ ဗလာဒီမာပူတင်ကို (ICC) က ဖမ်းဝရမ်းထုတ်
မတ် ၁၈၊
ယူကရိန်းနိုင်ငံကို ၂၀၂၂ ၊ဖေဖော်ဝါရီလကနေ တစ်နှစ်ကျော်အကြာ စစ်တိုက်ကျူးကျော်လာသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံး (ICC) က ဒီကနေ့ ဖမ်းဝရမ်းထုတ်လိုက်ခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကလေးသူငယ်များ နှင်ထုတ်ခံရမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ICC က စွဲချက်တင်ထားပြီး ၎င်းသည် ထိုလုပ်ရပ်များကို တိုက်ရိုက်ကျူးလွန်သည်ဟု ယုံကြည်ရသည့်အပြင် အခြားသူများနှင့်လည်း လုပ်ဆောင်ရန် ကျိုးကြောင်းဆီလျော်ကြောင်း ပြောကြားခဲ့သည်။
ကလေးများကို ပြည်နှင်ဒဏ်ပေးသော အခြားသူများအား တားဆီးဖို့ကျင့်သုံးရန် ရုရှားသမ္မတက ပျက်ကွက်ခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့ပြီး သူနှင့်အတူ ရုရှားရဲ့ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Maria Lvova-Belova ကိုလည်း ICC ကိုတရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖမ်းဝရမ်းထုတ်ခြင်းသည် အဓိပ္ပာယ်မရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး၏ ဆုံးဖြတ်ချက်များသည် တရားဥပဒေ ရှုထောင့်မှ အပါအဝင် ကျွန်ုပ်တို့နိုင်ငံအတွက် အဓိပ္ပါယ်မရှိကြောင်း ဖမ်းဝရမ်းထုတ်ပြီးသည့်အချိန်တွင် ပြောကြားခဲ့ပါတယ်။
ယူကရိန်းအစိုးရရှေ့နေချုပ် Andriy Kostinနှင့် ယူကရိန်းသမ္မတရုံးအရာရှိချုပ် Andriy Yermak တို့ က ဒီဆုံးဖြတ်ချက်က ပထမအဆင့်သာရှိပါသေးတယ်။ ပြီးတော့ အဆိုပါဆုံးဖြတ်ချက်သည် ယူကရိန်းအတွက် သမိုင်းဝင်ဖြစ်ပြီး နိုင်ငံတကာဥပဒေစနစ်တစ်ခုလုံးအတွက်ဖြစ်လည်းကြောင်း ပြောကြား ချီးကျူးခဲ့ပါတယ်။