ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုအား ရက္ခိုင်တပ်တော် AA မှ ၀င်ရောက်တိုက်ခိုက်

 

ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုအား ရက္ခိုင်တပ်တော် AA မှ ၀င်ရောက်တိုက်ခိုက်


နို၀င်ဘာ ၁၃၊ RF


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုကမ်းတွင်ရှိသည့် အာဏာသိမ်းစစ်ကောင်စီ၏ ချိန်ခါလီနှင့် ဒုံးပိုက်နယ်ခြားစောင့် စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော်(AA) မှ ယနေ့ နိုဝင်ဘာလ ၁၃ရက် နံနက်အစောပိုင်းတွင် စတင်ဝင်ရောက်တိုက်ခိုက်နေကြောင်း ကနဦးသတင်းများအရ သိရသည်။


တိုက်ပွဲဖြစ်စဉ်မှာ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းများဖြစ်သော ချိန်ခါလီနှင့် ဒုံးပိုက်စခန်းတို့ကို ရက္ခိုင့်တပ်တော် AA မှ ဒီကနေ့ မနက် ၅ နာရီခွဲလောက်မှစ၍ ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရပြီး ဒုံးပိုက်စခန်းအား ရက္ခိုင်တပ်တော် AA မှ ပွဲဦးထွက် သိမ်းပိုက်လိုက်နိုင်ကြောင်း သတင်းများလည်းထွက်ပေါ်လျက်ရှိကာ လက်ရှိတွင် စခန်းမီးလောင်လျက်ရှိသည်ဟုလည်း ဒေသတွင်းမီဒီယာများမှ ဖော်ပြထားကြသည်။


အဆိုပါ တိုက်ပွဲအခြေအနေများနှင့် ပတ်သတ်၍ အသေးစိတ်သိရှိနိုင်ရန် ရက္ခိုင့်တပ်တော် AA ထံသို့ ဆက်သွယ်မေးမြန်းလျက်ရှိပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် ချိန်ခါလီ ဒုံးပိုက်ကျေးရွာဘက်သို့ ရသေ့တောင်မြို့ပေါ်ရှိ စစ်ကောင်စီ၏ တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသဖြင့် မြို့အနီးဝန်းကျင်ရှိ ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများမှ RF သတင်းဌာနသို့ ပြောသည်။


၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၌ အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင်တပ်တော် AA တို့အကြား နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးများပြုလုပ်ခဲ့ပြီး တစ်နှစ်ခန့်အကြာမှာပင် ယခုကဲ့သို့ တိုက်ပွဲများတကျော့ပြန်ဖြစ်ပွားလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်တွင်လည်း ရသေ့တောင်၊ မေယုကမ်းဒေသရှိကျေးရွာများအား ဗုံးခိုကျင်းများတူးထားရန် ရက္ခိုင့်တပ်တော် AA မှ တိုက်တွန်းမှုများရှိခဲ့သည်။


#

Photo - ULA/AA

Rohingya Foundation


Previous Post Next Post