ရိုဟင်ဂျာဒုက္ခသည်လူငယ်တစ်ဦး ဘင်ဂလားဒေရှ့်ဒေသခံရွာအတွင်း သေဆုံးသည့်အလောင်းကိုတွေ့ရှိ

 

ရိုဟင်ဂျာဒုက္ခသည်လူငယ်တစ်ဦး ဘင်ဂလားဒေရှ့်ဒေသခံရွာအတွင်း သေဆုံးသည့်အလောင်းကိုတွေ့ရှိ

မတ် ၁၈၊

ဘင်ဂလားဒေရှ့်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်၊ ဇာမ်တော်လီဒုက္ခသည်စခန်းမှာနေသူ အသက် ၁၈ နှစ်အရွယ်၊ အမဲသားရောင်းဆိုင်မှာ အလုပ်လုပ်သူ ရိုဟင်ဂျာလူငယ်တစ်ဥိးသည် မတ်လ ၁၇ရက်၊ ယနေ့တွင် ဘင်ဂလားဒေရှ့်ဒေသခံရွာမော်ရိဆ္တာရွာတွင် အမဲသားရောင်းဆိုင်အတွက် နွားသတ်ရန်သွားကြခြင်းဖြစ်ပြီး ပြန်မလာလို့ သွားရှာရာအလောင်းကိုသာ ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၁၈ နှစ်အရွယ် အာဘ်ဒုလ်ဟာဘဲစ် (ဘ) အာဘ်ဒုလ်ခေါ်လိမ်သည် ကုတုပါလောင်စျေးအတွင်း အမဲသားရောင်းဆိုင်တစ်ခုတွင် အလုပ်လုပ်သူဖြစ်ပြီး အမဲသားရောင်းဆိုင်ရှင်အတွက် ဒေသခံရွာမော်ရိဆ္တာသို့ နွားသတ်ရန်သွားရာ ပြန်လာခြင်းမရှိခြင်းကြောင့် သွားရောက်ရှာဖွယ်ရာ ရုပ်အလောင်းကိုသာရရှိသည်ဟု မီးသားစုနှင့်နီးစပ်သူတစ်ဦးကပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များသည် ယခုလိုမျိုး မကြာမကြာကြုံရလေ့ရှိပြီး လွတ်လပ်စွာအသက်ရှင်နေထိုင်ရန်လမ်းကြောင်းပင်ရှာမတွေ့၍ လူကုန်ကူးခြင်း၊ ဓားပြခြင်း၊ ခိုးဆိုးခြင်းများဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဒုက္ခသည်တစ်ဦးကဆိုပါတယ်။

Previous Post Next Post