=================
မတ် ၂၆၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရမ်ဇန်ဥပုသ်လပထမနေ့ မတ်လ ၂၄ ရက်နေ့၌ ဒါကာမြို့အပါအဝင် မြို့ကြီးမြို့ငယ်များနှင့် တစ်ပြည်လုံးရှိ ဈေးများအတွင်း စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမြင့်တက်သွားခဲ့သဖြင့် ပြည်သူများ မကျေမနပ်ဖြစ်ပေါ်နေကြကြောင်း သိရှိရသည်။
ဈေးများအတွင်း ကွင်းဆင်းစစ်ဆေးရေးကော်မတီများ ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေသည့် ကြားမှပင် ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်သွားခဲ့ရခြင်းဖြစ်ပြီး အဓိကမြင့်တက်ကုန်ဈေးနှုန်းများမှာ အသား/ငါး၊ ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများပင်ဖြစ်ကြောင်းနှင့် ဈေးနှုန်းမှာ ၂ ဆထိ မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဈေးများအတွင်း လှည့်လည်စစ်ဆေးမှုများရှိခဲ့သော်လည်း ထိရောက်သည့် ကိုင်တွယ်ပေးမှုများမရှိခဲ့ခြင်းကြောင့် တစ်ရက်တည်းအတွင်း ဈေးနှုန်းများမှာ ယခင်ဈေးနှုန်းများထက် ၂၀ တာကာကျော်ထိ ထိုးတက်သွားခဲ့ပြီး အီစတာရီစားသောက်ဖွယ်ရာများမှာ ယခင်နှစ်ကထက် ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝယ်ယူသူပြည်သူများ အခက်အခဲကြုံတွေ့နေရသဖြင့် ပြည်သူများမှ အစိုးရအပေါ် မကျေမနပ်မှုများမှာ ပိုမိုပြင်းထန်လာလျက်ရှိနေကြောင်း မတ်လ ၂၄ ရက်နေ့တွင် Asian Television News ၌ ဖော်ပြပါရှိသည်။