ဖောင်းပြင်ရှိ ရေအောက်တောင်း စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ကျေးရွာများကို ပစ်ခတ် ဗုံးကျဲ

 

ဖောင်းပြင်ရှိ ရေအောက်တောင်း စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ကျေးရွာများကို ပစ်ခတ် ဗုံးကျဲ

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ ရေအောက်တောင်း စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး ချင်းတွင်းအထက်ပိုင်း ဖောင်းပြင်မြို့နယ်ရှိ ရေအောက်တောင်း စစ် စခန်းကို နယ်မြေ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ် ၃ စီးဖြင့် ကရားရွာ၊ သာစည်ရွာ၊ မိုးကောင်းရွာ ကွန်းတောရွာ၊ မဲတင်ရွာ နှင့် မြို့မ ကျေးရွာ များကို ပစ်ခတ် ခဲ့သောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး နံနက် ၁၀ နာရီဝန်းကျင်ခန့်၌ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ကွန်းတော၊ ကရား၊ သာစည်နှင့် မိုးကောင်း တစ်လျှောက် စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

" တိုက်ပွဲက ဒီနေ့အထိ ပြင်းထန်နေတယ်။ အခုကို လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူညံနေပြီ ဂျက်ဖိုက်တာ ၂ စီးနဲ့ လာပစ်နေတယ်လို့ပြောတယ်" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဖောင်ပြင်မြို့မှ အကြမ်းဖက် စစ်တပ်၏ စစ်ကူ ဖလပ်ခွံ ၂ စီးလည်း ရောက်ရှိနေပြီး ၁ စီးမှာ သောင်တင်နေကြောင်း သိရှိရသည်။

Previous Post Next Post