ဟာမားစ်အဖွဲ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အဆိုမူကြမ်း ရေးဆွဲပြီးစီး
–အစ္စရေး တုံ့ပြန်မှုကို စောင့်ဆိုင်းနေ
ဇန်နဝါရီ ၁၄၊
ဟာမားစ်အဖွဲ့ဟာ ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အဆိုမူကြမ်းကို ရေးဆွဲပြီးစီးနောက် အစ္စရေးရဲ့ အတည်ပြုမှုကို စောင့်ဆိုင်းနေတယ်လို့ Al-Jadeed TV က စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
အဆိုမူကြမ်းမှာ အပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားလဲလှယ်မှုတွေ ပါဝင်ပြီး အပစ်အခတ်ရပ်စဲမှု စတင်ပြီး တစ်ပတ်အတွင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးမှာဖြစ်ဖြစ်ပြီး အစ္စရေးက Rafah နယ်စပ်နဲ့ Philadelphi Corridor အချို့နေရာတွေကနေ အပြီး ဆုတ်ခွာပေးရမယ် အချက်တွေ ပါဝင်ပါတယ်။
အဆိုပါ မူကြမ်းကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူက အတည်ပြုပြီး လက်မှတ်ရေးထိုးဖို့ စောင့်ဆိုင်းနေတယ်လို့ ဟာမားစ် အဖွဲ့ပြောခွင့်ရ ကိုယ်စားလှယ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကာတာ၊ အီဂျစ်နဲ့ အမေရိကန်တို့က အစ္စရေး -ဂါဇာသဘောတူညီချက် အသေးစိတ်နဲ့ စတင်မယ့် ရက်စွဲတွေကို အများသိရှိအောင် မကြာမီ ဖော်ပြသွားမယ်လို့ ကြေညာထားပါတယ်။